ထိုင်းနိုင်ငံ Webster University (American Degree) မှ ပညာရေး သတင်းအချက်အလက်များ ဆွေးနွေးပွဲနှင့် အင်္ဂလိပ်စာ အရည်အချင်း စစ်စာမေးပွဲ အခမဲ့ကျင်းပမည်


        အမေရိကန်နိုင်ငံ St.Louis ရှိ Webster University (WU)သည် နှစ်ပေါင်း (၁၀၀) ၀န်းကျင် နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်ခဲ့ပြီး ပညာရေးနယ်ပယ်တွင် နှစ်ပေါင်း(၃၀)ကျော် ထိပ်တန်းတက္ကသိုလ်အဖြစ် ဦးဆောင်ဦးရွက်ပြုလျက် ရှိကြောင်း ၊ WU ၏ကျောင်း ခွဲ တစ်ခုဖြစ်သော Webster University Thailand Campus ၏ ဆွေးနွေးဟောပြောပွဲမှာ - ဒီဇင်ဘာလ (၂၃) ရက် ၊ (သောကြာနေ့) ၊ နေ့လည် (၁၁) နာရီမှ (၁) နာရီအထိ ကုန်သည်ကြီးများဟိုတယ်(Traders Hotel) ၊ တောင်ငူခန်းမ တွင် “Ms. Wai Wai Lynn Thway” (Student Recruitment Manager) မှ ဟောပြောမည်ဖြစ်ပြီး အရည်အချင်းစစ် စာမေးပွဲကိုဖြေဆိုမည့် ကျောင်းသားများသည် 2012 ခုနှစ် ၊ ဒီဇင်ဘာလ ၊ (17)ရက် ၊ (စနေနေ့) ညနေ (၅) နာရီ နောက်ဆုံးထား၍ Myanmar Search International ရုံးခန်း ၊ ဖုန်းနံပါတ် -01-250929, 01-389915, 095103915 နှင့် myanmarsearchinternational@gmail.com သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း MSI ပညာရေးဝန်ဆောင်မှုမှ သိရှိရသည်။ Webster University သည် နိုင်ငံတကာ အသိအမှတ်ပြု တရားဝင် အသင်းဝင် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည်ဟု သိရှိရသည်။ ယင်းတို့မှာ -

 

(1) AACSB International-The Association to Advance Collegiate Schools of Business

(2) ACBSP-Association of Collegiate Business Schools and Programs

(3) American Association of Paralegal Education

(4) American Association of Colleges of Teachers Education(AACTE)

(5) American Council of Ed(1)ucation

(6) Association of American Colleges and Universities(AAC & U)

(7) Association of Theatre in Higher Education

(8) College Art Consortium

(9) College Consortium for International Studies

(10) Council for Adult and Experiential Learning

(11) Council of Independent Colleges(CIC)

(12) Council on International Education Exchange

(13) Institute of International Education

(14) National Education Association


တို့ဖြစ်သည်။ ထို့အပြင် “US News And World’s Report” အရ (၂၄) အဆင့်နှင့် Tier-1 College အဆင့်တွင် ရှိပြီး (၂၀၁၁)ခုနှစ်၊ သြဂုတ်လ၌ ထုတ်ဝေခဲ့သော “Forbes Magazine” တွင် အမေရိကန်နိုင်ငံ၏ အကောင်းဆုံး ထိပ်တန်းကောလိပ်အဖြစ် အသိအမှတ်ပြု ခံရသည်။ ၄င်းတက္ကသိုလ်တွင် Management ၊ Emphasis in International Business ၊ Emphasis in Marketing ၊ Business Administration ၊ Media Communication ၊ Public Relations ၊ Advertising and Marketing Communications ၊ Psychology ၊ International Relations ဘာသာရပ်များကို သင်ကြားနိုင်သည်။ တစ်နှစ်လျှင် ကျောင်းဖွင့်ချိန် (၅) ကြိမ် ရှိပြီး ဇန်န၀ါရီလ ၊ မတ်လ ၊ မေလ ၊ သြဂုတ်လနှင့် အောက်တိုဘာလ တို့ဖြစ်သည်။ ကျောင်းလခမှာ - ဘွဲ့ဒီဂရီရပြီးသည်အထိ ပညာသင်နှစ် လေးနှစ်စာအတွက် ထိုင်းဘတ်ငွေ (၉၆၀,၀၀၀) ဖြစ်သည်။

ကမ္ဘာ့အနှံ့အပြားတွင် တက္ကသိုလ်ကျောင်းပေါင်း (၁၀၀)ကျော်နှင့် ချိတ်ဆက်ထားပြီး နိုင်ငံတကာတွင် ကျောင်းခွဲ(၉)ကျောင်း ရှိသည့်အပြင် ဘွဲ့ရ ကျောင်းသားဦးရေ (၂၀၀,၀၀၀) ၀န်းကျင်ခန့် လုပ်ငန်းခွင် ၀င်ရောက် လုပ်ကိုင်နေကြောင်း ၊ ထိုင်းနိုင်ငံ၏ ဥပဒေ လက်အောက်တွင် ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ တရားဝင် အသိအမှတ်ပြုမှုဖြင့် ဖွဲ့စည်းထားသော အမေရိကန် တက္ကသိုလ်တစ်ခု ဖြစ်ကြောင်း ၊ (၂၀၁၂) ခုနှစ် ပညာသင်နှစ် အတွက်လည်း ပညာသင်ဆု ထောက်ပံ့ကြေးများ ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း Myanmar Search International (MSI) မှသိရှိရသည်။ ထိုင်းဘတ်ငွေမှာ - အမေရိကန် တစ်ဒေါ်လာ (၂၈) ကျပ်နှင့် ညီမျှကြောင်း သိရှိရသည်။ အရည်အချင်းစစ် စာမေးပွဲဖြေဆိုရန် ကြိုတင် စာရင်းပေးသွင်းထားသူများ အတွက်သာ ကျောင်းမှ မေးခွန်းလွှာများကို ယူဆောင်လာမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

HOME | ABOUT US | SCHOOLS | MSI SERVICE | NEWS | GALLERY | CONTACT US
 

Power by : CREATiVE WEB STUDIO
All Right Reserved 2009 - 2011 Total Hits : 0009125