|
|||
|
|
|||
|
မမလေးရှားနိုင်ငံ Higher Education နယ်ပယ်တွင် (၄၈-နှစ်) ကြာ တရာင်းဝင်ရပ်တည်လျက်ရှိပြီး တက္ကသိုလ်ပိုင်း ဆိုင်ရာသင်ထောက်ကူပစ္စည်းများနှင့် မရှိမဖြစ်လိုအပ်သော တက္ကသိုလ်ကျောင်းတစ်ခု၏ စံချိန်စံညွှန်းများဖြင့် ပြည့်စုံသောဆု၊ Brand Excellent Award ဆု၊ Tier - 5 Excellent Award 2009 ဆု မလေးရှားပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု စသည့် ဆုတံဆိပ်ပေါင်း (၅ဝ-ကျော်) ရရှိထားသော Taylor's University ဟောပြောပွဲကို ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် (စနေနေ့) ၊ နေ့လည် ၁းဝဝ နာရီမှ ၃းဝဝ နာရီအထိ Traders Hotel (တောင်ငူခန်းမ)တွင် Myanmar Search International မှ ဦးစီးကျင်းပမည်ဖြစ်သည်။ ဟောပြောပွဲတွင် ၎င်းကျောင်းမှ Ms.Theresa (Assistance Manger/ International Marketing) ၁းဝဝ နာရီမှ ၁း၃ဝ အထိ ကျောင်းအကြောင်း ဟောပြောမိတ်ဆက်၍ ၁း၃ဝ နာရီမှ ညနေ ၃းဝဝ အထိ Myanmar Search International (MSI) နှင့် အခြား Taylor's Myanmar Society (TMS) အဖွဲ့အစည်းမှ President ဖြစ်သူ ကျောင်းသား ဝေယံဝင်း (Computing and IT Information Technology) ၊ Vice - President ဖြစ်သူ ကျောင်းသူ ခင်ချမ်းမြေ့ချစ် (Design School) နှင့်အခြား Taylor's University ကျောင်းသားများမှ ဦးစီး၍ မြန်မာနိုင်ငံမှ ကျောင်းသားတစ်ဦးချင်းစီ၏ အနာဂတ်ပညာရေးနှင့် ဘာသာရပ်ရွေးချယ်နည်း၊ Leadership Skill နှင့် Group Team Work ကျောင်းသားများ သိရှိနားလည်စေရန် အချိန်ပိုင်း Workshop များကို ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
Taylor's University
သည် အနောက်နိုင်ငံမှ တိုက်ရိုက်ပေးသော
ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ၏ ဘွဲ့ဒီဂရီ ဘာသာရပ်များ (၁၃)
ခုသင်ကြားလျက်ရှိပြီး Architecture, Bio Sciences, Business,
Communication, Design, Engineering, Hospitality :
Certificate, Medical, Pharmacy တို့ကို
နိုင်ငံတကာကျောင်းသားများ စိတ်ဝင်စားလျက်ရှိသည်။
လူဦးရေးအယောက် (၅ဝ) သာ ကန့်သတ်မှုဖြင့် လက်ခံမည်ဖြစ်သောကြောင့်
စာရင်းပေးသွင်းသူများနှင့်
ပညာအရည်အချင်းစာရွက်စာတမ်းအပြည့်အစုံပါသော ကျောင်းသားများကို
ဦးစားပေးလက်ခံမည်ဖြစ်ကြောင်း၊ ၎င်းပွဲသို့ တက်ရောက်လိုသူများသည်
၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၅ ရက် (ကြာသပတေးနေ့) ၊ ညနေ ၅ နာရီ
နောက်ဆုံးထားပြီး ဖုန်းနံပါတ် - ဝ၁-၂၅ဝ၉၂၉၊ ၃၈၉၉၁၅၊
၀၉-၅၁ဝ၃၉၁၅ နှင့် myanmarsearchinternational@gmail.com သို့
ကြိုတင်စာရင်းပေးသွင်းနိုင်သည်။ မလေးရှားနိုင်ငံတွင်
တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျောင်းပေါင်း (၅ဝဝ) ကျော်ရှိရာ
University နှင့် University College အဆင့်အတန်းရှိသော (၄၇)
ကျောင်းသာ မလေးရှားပညာရေးဝန်ကြီးဌာနမှ တရားဝင်အသိအမှတ်ပြု
သတ်မှတ်ခြင်းခံ၍ Taylor's University သည်
အကောင်းဆုံးကျောင်းတစ်ကျောင်း ထဲတွင်ပါဝင်ကြောင်း Myanmar
Search International (MSI) ပညာရေးဝန်ဆောင်မှုမှ သိရှိရသည်။ |
|||
|
|||