Jan 20 ရက်မှ 29ရက်အတွင်း PSB Academy ကျောင်းလျှောက်သူများ၊ ကျောင်းဝင်ကြေးကင်းလွတ်ခွင့်နှင့် ပထမဆုံးစာမေးပွဲဖြေဆိုခွင့်


         “ Best Singapore Education Award 2012” “Finalist of Best Singapore Education Award 2011” ဆုရရှိထားသော PSB Academy ကျောင်းသည် ယခုအခါ ၂၀၁၂ နှစ်ဦးပိုင်းအစီအစဉ် တစ်ရပ်အနေဖြင့် GCE “O” Level/ IGCSE ကျောင်းသားများအတွက် Myanmar Search International (MSI)ပညာရေးဝန်ဆောင်မှုမှ သိရှိရပါသည်။

PSB Academy မှ English Placement Test Certificate in English Proficiency Test ကိုဖြေဆိုလိုသည့်ကျောင်းသားများအတွက် အရည်အချင်းသတ်မှတ်ချက်မှာ- GCE “O” Level/ IGCSE စာမေးပွဲဖြေဆိုရာတွင် Grade D, E, F ရရှိထားသော ကျောင်းသားများသည် ၎င်းစာမေးပွဲကို Certificate Program, Foundation Diploma, Degree များတက်ရောက်ခွင့်ရရန် ဖြေဆိုခွင့်ရှိမည်။ PSB Academy ကျောင်းသို့လျှောက်ထားရာတွင် (၂၀၁၂) ခုနှစ်အတွက် ဇန်န၀ါရီ ၂၀ ရက်မှ ၂၉ ရက်အတွင်း ကျောင်းလျှောက်သူများ ကျောင်းဝင်ကြေး စင်္ကာပူဒေါ်လာ- ၃၈၈ ကင်းလွတ်ခွင့်ရမည်ဖြစ်ပြီး ကျောင်းလျှောက်လွှာများကို MSI ပညာရေးဝန်ဆောင်မှုမှ လက်ခံမည်။ PSB Academy ကျောင်းကို အမှန်တကယ်တက်ရောက်လိုသောကျောင်းသားများသာ အထက်ပါအစီအစဉ်“ အကျိုးကျေးဇူးများကို ရရှိနိုင်မှာဖြစ်ကြောင်းသိရှိရပါသည်။

၎င်းကျောင်းတွင် သြစတြေးလျနိုင်ငံ၏ University of Newscastle (UON) နှင့် University of Wollongong( UOW) ဘာသာရပ်များကို အဓိကထားပြီး တိုက်ရိုက်သင်ကြားပို့ချလျက်ရှိသည်။ ဘွဲ့ဒီဂရီတန်းနှင့် Diploma တန်းအတွက် ၀ိဇ္ဇာတွဲဆိုင်ရာဘာသာရပ်တွင် Management, Marketing, Accounting,Tourism & Hospitality Management, Public Relations & Journalism, Information Technology (IT), Communication (Hons), Banking & Finance, Supply chain Management ,Business Administration နှင့် သိပ္ပံတွဲဘာသာရပ်တွင် Diploma တန်းအတွက် Mechanical Engineering Design, Electrical & Electronic နှင့် ဘွဲ့ဒီဂရီတန်းအတွက် Electrical, Mechanical Engineering နှင့် နယူးဇီလန်နိုင်ငံရှိ Auckland University of Technology ၏ Computer and Information Science( IT Service Science and Networks and Security) များကိုသင်ယူနိုင်သည်။

သင်တန်းကာလမှာ Diploma တန်းအတွက် ဘာသာရပ်အပေါ်မူတည်၍ အနည်းဆုံး (၁၂) လမှ (၂၂) လ အထိ ကြာမြင့်ပြီး ကျောင်းလခမှာ စင်္ကာပူဒေါ်လာ (၆၀၀၀) ၀န်းကျင်မှ (၂၀,၀၀၀) ၀န်းကျင်ဖြစ်သည်။ Degree တန်းအတွက် သင်ယူမည့်ဘာသာရပ်နှင့် ပညာသင်နှစ်ကင်းလွတ်ခွင့်မှာ (၆) လမှ တစ်နှစ်အထိဖြစ်ပြီး အနည်းဆုံး (၂) နှစ်မှ (၃) နှစ်အထိဆက်လက်သင်ကြားရမည်ဖြစ်သည်။ ကျောင်းလခမှာ စင်္ကာပူဒေါ်လာ (၃၅၀၀၀) ၀န်းကျင်မှ (၇၀၀၀၀) ၀န်းကျင်အထိဖြစ်သည်။ ၎င်းကျောင်းကိုစိတ်ဝင်စားသောကျောင်းသားများမှာ များသောအားဖြင့် Transfer Students (နိုင်ငံကြီးများသို့ ဆင့်ကူးဖြင့်သွားရောက်ပညာသင်ကြားမည့်ကျောင်းသားများ) ဖြစ်ကြသည်။ ဘာသာရပ်အလိုက် (၂၀၁၂) ခုနှစ် ကျောင်းဖွင့်ချိန်များနှင့် (၂၀၁၂) ခုနှစ်အတွက် သတင်းအချက်အလက်အသစ်များကို အသေးစိတ်သိလိုပါက တစ်ဦးချင်းဆွေးနွေးရန်အတွက် MSI ရုံးခန်းတွင် (၂၀၁၂) ခုနှစ် ဇန်န၀ါရီလ (၂၅) ရက် (ဗုဒ္ဓဟူးနေ့) နေ့လည် (၃) နာရီမှ ညနေ (၅) နာရီခွဲတွင်ဖြစ်ပြီး စာမေးပွဲဖြေဆိုရမည့် အချိန်နှင့် နေရာသတ်မှတ်ချက်မှာ ရန်ကုန်မြို့ Park Royal Hotel တွင်(၂၉) ရက် (တနင်္ဂနွေ) မနက် (၁၀) နာရီမှ နေ့လည် (၁၁) နာရီခွဲအထိကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် ဇန်န၀ါရီ (၂၄) ရက် ညနေ (၅) နာရီနောက်ဆုံးစာရင်းပေးသွင်းရန်နှင့် ဖြေဆိုမည့်သူများနှင့် တစ်ဦးချင်းဆွေးနွေးလိုသူများသည် (MSI) ဖုန်းနံပါတ် -၀၁ -၂၅၀၉၂၉၊ ၃၈၉၉၁၅၊ ၀၉၅၁၀၃၉၁၅ နှင့် myanmarsearchinternational@gmail.com သို့ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

 

 

မှတ်ချက်၊ ၊ PSB Academy English Placement Test ကိုဖြေဆိုမည့်ကျောင်းသားများအနေဖြင့် Test Fees USD (2500) သို့ ကျောင်းလျှောက်လွှာကြေး စင်္ကာပူဒေါ်လာ (၃၈၈) ပေးသွင်းရမည်ဖြစ်သည်။ 
 


 

HOME | ABOUT US | SCHOOLS | MSI SERVICE | NEWS | GALLERY | CONTACT US
 

Power by : CREATiVE WEB STUDIO
All Right Reserved 2009 - 2011 Total Hits : 0009125