forever friends

 

Chocolatemyotaw

 

 


MSI ပညာရေးဝန်ဆောင်မှုမှ ပထမအကြိမ် နိုင်ငံတကာ ပညာရေးစုံညီပွဲ ကြီးမှုးကျင်းပ


        Myanmar Search International (MSI) Education Consultancy Services Co.,Ltd မှကြီးမှူး၍ နိုင်ငံတကာ ပညာရေးစုံညီပွဲကို Park Royal Hotel ရှိ Ball Room (1) နှင့် (2) တွင် (၂၀၁၁) ခုနှစ်၊ ဇူလိုင်လ(၁၅)ရက် (သောကြာနေ့) ၊ နေ့လည် (၁၁)နာရီမှ ညနေ(၅) နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း MSI မှ သိရှိရသည်။ ၎င်းနိုင်ငံတကာ ပညာရေးစုံညီပွဲကို မြန်မာကျောင်းသူ၊ ကျောင်းသားများ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များမှ တရားဝင်ပေးအပ်သော စံချိန်စံညွန်းမှီဘွဲ့ လက်မှတ်များကို ကုန်ကျစရိတ်သက်သာစွာဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော အရှေ့တောင်အာရှတွင် တိုက်ရိုက်ရယူနိုင်ရန်၊ နိုင်ငံတကာပညာရေး စံချိန်စံညွန်းကို သိရှိနားလည်စေရန်နှင့် ကျောင်းသားများ ပညာသင်စဉ် ကာလတွင် ကြုံတွေ့ရမည့် International Student’s Life ကိုနားလည်သဘောပေါက်စေရန် ရည်ရွယ်ပြီး ကျင်းပမည်ဖြစ်သည်။ ၎င်းပညာရေး စုံညီပွဲတော်တွင် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်(၅)ကျောင်းဖြစ်သော (၁) Top-2 အဆင့် (Australian University Research Rankings 2010 စစ်တမ်းအရ)နှင့် မလေးရှားနိုင်ငံပညာရေးဝန်ကြီးဌာနမှ Excellent Award 2009 ကိုရရှိထားသော Curtin University: Sarawak (Australia) ၊ (၂) မလေးရှားနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ Excellent Award 2009 ကိုရရှိထားပြီး နိုင်ငံတကာမှ ချီးမြှင့် သောဆုပေါင်း (၅၀) ကျော်ဆွတ်ခူးရရှိထားသော Taylor’s University၊(၃) “Top-2” အဆင့် (Private Education 2010 Job Central Learning ၏စစ်တမ်း)နှင့် “Top-3” အဆင့် Best School in Singapore (Asia One People Choice ၏စစ်တမ်း 2010)ကိုလက်ခံရရှိထားသော Kaplan Higher Education Academy Singapore, (၄) Best Education Singapore Experience Award Winner 2010 ဆုကိုရရှိထားသော PSB Academy, (၅) Top 24 အဆင့် (U.S. News & World Report’s: America’s Best Colleges 2010)ဆုကိုဆွတ်ခူးရရှိထားပြီး၊ အရှေ့တောင်အာရှတွင် အမေရိကန်နိုင်ငံမှ တိုက်ရိုက်ဖွင့်လှစ်ထားပြီး တစ်ခုတည်းသော ကျောင်းခွဲဖြစ်သည့် Webster University Thailand တို့ပါဝင်သည်။

ယင်းတက္ကသိုလ်များတွင် ယခုလက်ရှိ တက်ရောက်နေသော ကျောင်းသားများလည်း လာရောက်ပြီး ပြည်ပနိုင်ငံများသို့ သွားရောက် ပညာမသင်ကြားခင် ကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များ၊ ၎င်းတို့ကျောင်းတက်နေစဉ်ကာလတွင် ကြုံတွေ့ရမည့် အကြောင်းအရာများကို မျှဝေရှင်းလင်းပေးမည်ဖြစ်သည်။ ၎င်းနိုင်ငံတကာပညာရေးစုံညီပွဲကို လာရောက်ခြင်းဖြင့်များစွာသော ဘာသာရပ်များကို ကျောင်းသားများ စိတ်ကြိုက်ရွေးချယ်မေးမြန်းနိုင်သလို အလုပ်အကိုင် အခွင့်အလမ်းရရှိမှု လွယ်ကူသော ဘာသာရပ်များကိုလည်း သက်ဆိုင်ရာကျောင်းများမှ တိုက်ရိုက်များရှင်းလင်း ပြောကြားပေးမည်ဖြစ်သည်။ Medicine / Engineering / American Degree Transfer / Pre-University /Biotechnology / Biomedicine / IT စသည့် Science ဘာသာရပ်များ ၊ Art ဘာသာရပ်များမှ Liberal Arts ဘာသာရပ်များဖြစ်သော Management / International Business / Marketing / Administration / MediaCommunications /Public Relation / International Relation နှင့် Psychology ဘာသာရပ်များကို အဓိကထားပြောကြားပေးမှာဖြစ်ပြီး ပညာသင်ဆုများကို လျှောက်ထားချင်သော ကျောင်းသားများ ပညာရေးဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများ အပြည့်အစုံနှင့် ဓာတ်ပုံ(၆)ပုံပါ တစ်ပါတည်း ယူဆောင်လာပါရန်။ ဇူလိုင်လ(၁၄)ရက်၊ ညနေ(၅)နာရီ နောက်ဆုံးထားပြီး Myanmar Search International ပညာရေးဝန်ဆောင်မှု၊ အမှတ်(234)၊ ဒုတိယထပ် (ညာ)၊ ရွှေဘုံသာအလယ်လမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့နှင့် ဖုန်းနံပါတ် ၀၁-၂၅၀၉၂၉၊ ၀၁-၃၈၉၉၁၅၊ ၀၉၅၁၀၃၉၁၅ သို့ ကြိုတင် စာရင်းပေးသွင်းနိုင်သည်။

 

Go to MSI Education Day Photo Gallery »

 

 

HOME | ABOUT US | SCHOOLS | MSI SERVICE | NEWS | GALLERY | CONTACT US
 

Power by : CREATiVE WEB STUDIO
All Right Reserved 2009 - 2011 Total Hits : 0009125