forever friends

 

Chocolatemyotaw

 

 


MSI ပညာရေးဝန်ဆောင်မှုမှ Engineering နှင့် Science ဘာသာရပ်များအကြောင်းကို ကျောင်းသားများမှ ဆွေးနွေးဟောပြောမှုစုံညီပွဲ ပထမဦးဆုံးကြီးမှူးကျင်းပမည်


        Myanmar Search International (MSI) ပညာရေးဝန်ဆောင်မှုမှ ပထမဦးဆုံးကြီးမှူး ကျင်းပသည့်ပွဲတွင် ဘာသာရပ်များ အကြောင်းနှင့် နိုင်ငံတကာရှိ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ တွင်တက်ရောက်နေဆဲဖြစ်သော တက္ကသိုလ်ကျောင်းသားများ၏ ပညာသင်စဉ် ကာလ အတွေ့အကြုံ ၊ ဘာသာရပ်ရွေးချယ်မှု နည်းလမ်းများနှင့် ကျောင်းပြီးချိန်ကာလ လုပ်ငန်းခွင်အတွက် ကြိုတင်ပြင်ဆင်ရမည့် အကြောင်းအရာများ စသည့်အချက်အလက်များကို သြဂုတ်လ (၁၃)ရက်၊ စနေနေ့၊ ညနေ ၃ နာရီခွဲမှ ၅နာရီခွဲအထိ အလံပြဘုရားလမ်းရှိ ‘Park Royal Hotel Meeting Room (2) တွင် ဟောပြောဆွေးနွေးမည်ဖြစ်သည်။ ၎င်းပွဲတွင် ‘အထူးဧည့်သည်တော်အနေဖြင့်’ စကာင်္ပူနိုင်ငံရှိ PSB Academy မှ တာဝန်ရှိသူ Mr. Phang Piao Chun , Head of School, Head of Enginnering ,Master of Science in Electrical Enginnering ,National University of Singapore (NUS) , Bachelor of Engineering Electrical Engineering (First Class Honours) Nanyang Technological University (NTU) ’ တက်ရောက်ပြီး အင်ဂျင်နီယာ ၊ သိပ္ပံပညာရပ်များ ယနေ့အဖက်ဖက်မှ ပြောင်းလဲနေသော ကမ္ဘာ့ကြီးတွင် မရှိမဖြစ်အရေးပါပုံနှင့် ဆောင်ရွက်ထောက်ပံ့ဖြန့်ဝေ ပေးနေပုံများစသည် များကိုရှင်းလင်းသွားမှာဖြစ်သည်။

အောက်တိုဘာလတွင် စတင်ဖွင့်လှစ်မည့် Diploma in Electrical & Electronics Engineering (DEEE) နှင့် Diploma in Mechanical Engineering Design (DMED) Program အသစ်နှစ်ခု၏ အကျိုးသက်ရောက်မှုကို ပထမဦးဆုံးအကြိမ် ကိုယ်တိုင်လာရောက် ရှင်းလင်းပြောကြားပေးမှာဖြစ်ပြီး တစ်ချိန်တည်းမှာပင် Curtin University, Taylor’s University, Nottinham University (ထိပ်တန်း တက္ကသိုလ်သုံးကျောင်း) တွင် အဆင့်ဆင့် တက်ရောက်ခဲ့သော ကျောင်းသူ (မလှမြင့်ဉ္ဇူ) မှ ကျောင်းသုံးကျောင်းတွင် တွေ့ကြုံခဲ့ရသော အတွေ့အကြုံများကို မျှဝေဆွေးနွေးပေးမှာ ဖြစ်သည်။ ၄င်း PSB Academy သည် သြစတေးလျနိုင်ငံရှိ University of Newcastle (UON), University of Wollongong (UOW) တို့မှ ဘာသာရပ်များကို တိုက်ရိုက်သင်ကြားပို့ချလျက်ရှိပြီး Certificate မှ Master အတန်းထိ သင်ယူနိုင်ပြီး၊ သာသာရပ်များမှာ - Business, Commerce (Management, Marketing, Public Relations, Supply Chain Management), Communication (Honors), Engineering, IT တို့ဖြစ်သည်။

၎င်းပွဲကို တက်ရောက်သော မြန်မာကျောင်းသားများအတွက် PSB Academy မှ အထူးအခွင့်အရေးတစ်ရပ် အနေဖြင့် ကျောင်းလျောက်လွှာကြေး စင်္ကာပူဒေါ်လာ (၃၅၃) ကင်းလွတ်ခွင့်ရရှိမည့်အပြင် ကျောင်းသား ဗီဇာကြေး စင်္ကာပူဒေါ်လာ (၃၀) ပါ ပူးတွဲ ကင်းလွတ်ခွင့် ရမည်ဖြစ်သည်။ ထိုအခွင့်အရေးသည် သြဂုတ်လ (၉) ရက် (အင်္ဂါနေ့) မှ သြဂုတ်လ (၁၅) ရက် (တနင်္လာနေ့) အတွင်း ကျောင်းလျှောက်လွှာဖောင်နှင့်တကွ ပညာရေးဆိုင်ရာ စာရွက်စာတမ်း အပြည့်အစုံရှိပြီး ၄င်းကျောင်းအား ယခုနှစ် အတွင်း အမှန်တကယ် တက်ရောက်ချင်သော ကျောင်းသားများသာလျှင် အကျိုးခံစားခွင့်ရှိမည်။ ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်မှာ မြန်မာနိုင်ငံမှ အထက်တန်း အောင်မြင်ပြီးသော ကျောင်းသားများ တစ်ဘာသာလျှင် ပျှမ်းမျှရမှတ် (၆၀) နှင့် အထက်ရှိရမည်။ GCE ‘O’ Level တစ်ဘာသာလျှင် Grade ‘C’ နှင့်အထက်ရှိရမည်။ GCE ‘O’ Level/ IGCSE တို့တွင် အင်္ဂလိပ်ဘာသာရပ်မှာ အနိမ့်ဆုံး Grade ‘D’ သို့ ‘E’ (ခြွင်းချက် - အင်္ဂလိပ်စာ ဘာသာရပ်တွင် Grade ‘F’ ရှိသော်လည်း အခြားဘာသာရပ်များတွင် အမှတ်ကောင်းပါက ကျောင်းမှ တိုက်ရိုက် အင်တာဗျူးလုပ်ပြီး လက်ခံစဉ်းစားပေးမည် ဖြစ်သည်။) ၄င်း Grade ‘D’ (သို့) ‘E’ ရရှိထားသော ကျောင်းသားများသည် PSB Academy မှ စစ်သော အင်္ဂလိပ်စာ အရည်းအချင်းစစ် စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီးတွင် သြဂုတ်လ (၁၄) ရက် (တနင်္ဂနွေနေ့) နံနက် (၁၀) နာရီမှ (၁၁) နာရီ တစ်နာရီကြာ ဖြေဆိုရမည် ဖြစ်သည်။ ထို့ကြောင့် စိတ်ဝင်စားသော ကျောင်းသားများသည် သြဂုတ်လ (၁၀) ရက်နေ့၊ ညနေ ငါးနာရီ နောက်ဆုံးထားပြီး MSI ရုံးခန်းတည်ရှိရာ အမှတ် - ၂၃၄၊ ရွှေဘုံသာအလယ်လမ်း၊ ဒုတိယထပ် (ညာ)၊ ဖုန်း - ၀၁-၃၈၉၉၁၅၊၂၅၀၉၂၉ နှင့် ၀၉-၅၁၀၃၉၁၅ နှင့် ဆက်သွယ် စုံစမ်းစာရင်းပေးသွင်းနိုင်ပါသည်။

Go to MSI Engineering Sharing Day Photo Gallery »

 

 

HOME | ABOUT US | SCHOOLS | MSI SERVICE | NEWS | GALLERY | CONTACT US
 

Power by : CREATiVE WEB STUDIO
All Right Reserved 2009 - 2011 Total Hits : 0009125