forever friends

 

Chocolatemyotaw

 

 

 "Testimonial"

 

 1 « |  2 « |  3 « |  4 « |  5 «| 6 «| 7« | 8 « | 9 « |10 «| 11 « |12 « |13 «  
 

 


Myint Mo Zaw ( Diploma in Electrical Engineering )
 



 
Name : Myint Mo Zaw
Program : Diploma in Electrical Engineering.
Intake : October

 
(၁) ဒီလိုStudy Grant တွေရဖို့အတွက် (၁၀) တန်းအောင်ပြီးတဲ့အချိန်ကစပြီး ဘယ်လိုပြင်ဆင်ခဲ့လဲ ။ ဘာသင်တန်း တွေရော တက်ခဲ့ရလဲ ။
(၁၀) တန်းအောင်ပြီးတဲ့ အချိန်ကစပြီး နိုင်ငံခြားသွားပြီး ပညာသင်ဖို့ ရည်ရွယ်ချက်ရှိခဲ့တာကြောင့် အင်္ဂလိပ် ၊ သချာင်္ သင်တန်းတွေတက်ခဲ့ပါတယ် ။ နောက်ပြီး နိုင်ငံခြားဘာသာ တက္ကသိုလ် (UFL) မှာလည်း Chinese ဘာသာစကားနဲ့လည်း 1st Semester ထိတက်ရောက်ခဲ့ပါတယ် ။ ဒါတွေအားလုံးက (၁၀) တန်းအောင်မြင်ပြီးမှ တက်ခဲ့တဲ့ သင်တန်းတွေပါ ။ Study Grant ရဖို့ရည်ရွယ်ပြီး တက်ခဲ့တာ မဟုတ်ပါဘူး ။ ဒါပေမယ့် မရည်ရွယ်ဘဲနဲ့ တက်ခဲ့တဲ့ သင်တန်းတွေဟာ Study Grant ရဖို့အတွက် အထောက်အကူတွေဖြစ်ခဲ့ပါတယ် ။
(၂) စာမေးပွဲဖြေတဲ့အခါ ဘယ်လိုမေးခွန်းတွေကို ဖြေခဲ့ရလဲ ။ အဲဒီမေးခွန်းတွေမှာ ဘယ်အချက်တွေက အခက်အခဲ ရှိလဲ ။ အဲဒီလိုအခက်အခဲမရှိအောင် ဘယ်လိုကြိုတင်ပြင်ဆင်ထားရမလဲ ။
စာမေးပွဲမဖြေခင် ဒီလိုသင်တန်းတွေတက်ခဲ့တာကြောင့် စာမေးပွဲဖြေတဲ့အခါမှာ အခက်အခဲတွေ မရှိခဲ့ပါဘူး ။ သိပ်လည်း စိတ်မပူခဲ့ပါဘူး ။ ဒါပေမယ့် သချာင်္မှာတော့ ကိုယ်မသိတဲ့ Formula တစ်ခုကိုတွေ့ခဲ့ပါတယ် ။ ဒါပေမယ့် သိပ်မခက်ပါဘူး ။ သချာင်္နဲ့ပတ်သက်တဲ့ အခက်အခဲမရှိအောင် GCE ‘O’ Level ‘A’ Level တွေကိုတော့ တက်ထားသင့်တယ် ။ အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ IELTS သင်တန်း တက်ထားရင် စာမေးပွဲဖြေတဲ့အခါမှာ ပိုပြီးတော့အဆင်ပြေပါတယ် ။ ဒါ့ကြောင့် ဒီလိုသင်တန်းတွေ တက်ထားဖို့တော့ လိုမယ်ထင်ပါ
တယ် ။
(၃) ဒီ PSB ရဲ့ Study Grant ရရှိပြီးနောက် ရှေ့အနာဂတ်ကို ဘယ်လိုစီစဉ်ထားပါသလဲ ။ ဘာ့ကြောင့် Bachelor ကိုမရွေးချယ်ဘဲ Diploma ကို ရွေးချယ်ခဲ့တာလဲ ။
Bachelor ကို မရွေးချယ်ဘဲ Diploma ကိုရွေးချယ်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ နိုင်ငံခြားကို ပထမဆုံးသွားတာလဲဖြစ် တယ်။ ပြီးတော့ Transfer လုပ်ရင်လည်း ပိုလွယ်မယ်ထင်လို့ ရွေးခဲ့တာပါ။ဟိုဘက်မှာတော့ကိုယ်ရဲ့ဆွေမျိုးတွေ လည်း ရှိတယ်လေ။ဒါ့ကြောင့်Diploma တက်နေရင်းနဲ့ Transfer လုပ်လို့ရမယ့် ကျောင်းတွေကို ရှာရင်းနဲ့ပဲ ကျောင်းဆက်တက်ဖို့ ရည်ရွယ်ထားပါတယ် ။ ဒါကတော့ သမီးရဲ့ အခုလတ်တလော အနာဂတ်အစီအစဉ်ပါပဲ ။
(၄) Singapore တွင် Engineering Program ကို သင်နေတဲ့ Government School တွေထဲကမှ Private School ဖြစ်တဲ့ PSB ကိုရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းက ဘာလဲ ။
Singapore မှာရှိတဲ့ Government School တွေထဲကမှ Private University ဖြစ်တဲ့ PSB ကိုရွေးခဲ့တဲ့အကြောင်း ကတော့ ကျောင်း ကောင်းတစ်ကျောင်းလို့ အရမ်းလူပြောများကြတာကြောင့်ပါ ။ ပြီးတော့ Private School တွေထဲကမှ PSB ကျောင်းနဲ့ပတ်သတ်တဲ့ ကောင်းကြောင်းလေးတွေကို အဆင့်ဆင့် ကြားပြီးရွေးခဲ့တာပါ ။
(၅) ဘာကြောင့် Poly ကို မရွေးချယ်ခဲ့တာလဲ ။
Poly ကိုတက်ဖို့ လေ့လာနေစဉ်မှာ PSB ကိုတွေ့ခဲ့ပါတယ် ။ PSB ကို Poly ထက်ပိုပြီး စိတ်ဝင်စားပါတယ် ။ ဒါ့ကြောင့် PSB ကိုရွေးချယ်ခဲ့တာပါ ။
(၆) Poly အမှတ်မှီခဲ့ရင် Poly လျှောက်မလား ။ Poly နဲ့ Private University ကိုဘယ်လိုမြင်ပါသလဲ ။

Poly လျှောက်ဖို့ ကြိုးစားခဲ့ပါတယ် ။ လေ့လာမှုတွေလည်း Poly နဲ့ပတ်သက်ပြီးလုပ်ခဲ့ပါတယ် ။ အဲဒီ့အချိန်မှာ Poly နဲ့ပတ်သက်ပြီး သိလာရတာကတော့ Poly က ပထမနှစ်အနည်းငယ်အတွင်းမှာ လူသိများခဲ့တယ် ။ ဒါပေမယ့် Poly နဲ့ပတ်သက်ပြီးနောက်ပိုင်း ကြား လိုက်ရတာက (Intake) ကျောင်းခေါ်ချိန်တွေ အပြောင်းအလဲရှိလာတာရယ် ၊ အခြားခြား သောပြောင်းလဲမှုတွေများစွာ ရှိခဲ့တာ ကြောင့် ပိုပြီးအခြေခိုင်မာတဲ့ Private University ကိုရွေးချယ်ဖြစ်ခဲ့တာပါ ။ နောက် တစ်ခုပြောချင်တာက Poly က (၃) နှစ်တက်ပြီးမှ Diploma ရတယ် ။ အချိန်ကြာညောင်းတယ် ။ သင်ရိုးညွှန်းတမ်း တွေကလည်း ကွာခြားမှုရှိတယ်လို့သိရတယ် ။ Poly မှာ (၃) နှစ်ပြီးလဲ Bachelor ကိုဆက်တက်မယ်ဆိုရင် Year (1) ပဲ Exemption ရပြီး ကျန်တဲ့နှစ်တွေကို ဆက်တက်ရမယ်ဆိုရင်တော့ Poly မှာ (၃) နှစ်အချိန်မကုန်ချင်တော့ဘူး ။ နောက်တစ်ခုက PSB မှာတက်ရင် Diploma အတွက် (၂) နှစ်နီးပါးပဲ တက်ရတယ် ။ (22 months) ပေါ့နော် ။Bachelor ကိုဆက်ပြီးလိုချင်ရင် နောက်ထပ် (၂)နှစ်ပဲ တက်ရတယ် ။ (၁) နှစ်စာ စားဝတ်နေရေး ၊ ကျောင်းစရိတ် ၊ အသက်အရွယ် ၊ အချိန်ကာလ ကိုယ့်အတွက် Save ဖြစ်တယ် ။ ဒါ့ကြောင့် ရွေးလိုက်တာပါ ။

(၇) Study Grant ရသွားတဲ့ ခံစားချက်ကို ပြောပေးပါ ။
အရမ်းပျော်ပါတယ် ။ မမျှော်လင့်ဘဲရခဲ့တာမို့ပါ ။ အစပိုင်းကတော့ Exam ရှိတယ်ဆိုလို့လာဖြေခဲ့တယ် ။ အများကြီး မမျှော်လင့်ပါဘူး ။ ဒါပေမယ့်လည်း ဖြေနိုင်ခဲ့ပြီး Study Grant ကို ရခဲ့တာပါ ။ အဲဒီအတွက် အရမ်းကို ၀မ်းသာပါတယ် ။

 

 

HOME | ABOUT US | SCHOOLS | MSI SERVICE | NEWS | GALLERY | CONTACT US
 

Power by : CREATiVE WEB STUDIO
All Right Reserved 2009 - 2011 Total Hits : 0009125